အကြွေးမပေးဘဲ မိဘထွက်ပြေး၍ ကလေး ၂ ဦးနှိပ်စက်ခံရပြီး တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ

______________
25-Sep-2017
ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ် မိုက်ကွမ်းကျေးရွာအနီးရှိ ကျောက်ထုတ်စခန်း၌ အကြွေးမပေးဘဲ မိဘထွက်ပြေးသဖြင့် အလုပ်သမားခေါင်းက ကလေးနှစ်ဦးကို ရိုက်နှက်ရာ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ၇ နှစ်အရွယ် ကလေး သေဆုံးပြီး ၃ နှစ်အရွယ် ကလေး ဒဏ်ရာများ ရရှိခဲ့ကြောင်း မိုင်းပန်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဦးတင်ဆိုင်က ပြောကြားသည်။
“ကလေးနှစ်ယောက်ရဲ့ မိဘတွေက အကြွေးတွေ မပေးနိုင်လို့ ထွက်ပြေးနေတဲ့အတွက် အလုပ်သမားခေါင်း အမျိုးသမီးက ခေါ်ယူထားတာလို့ သိရတယ်။ အကြီးမလေးက ရိုက်နှက်ခံရတဲ့ ဒဏ်တွေကြောင့် ဦးနှောက်ထဲ သွေးဝင်ပြီး သေဆုံးတာလို့ ဆရာဝန်က ပြောတယ်။ အငယ်ကလေးက နောက်ကျော၊ ပါးစပ်နဲ့ လျှာမှာ မီးတွေနဲ့ တို့ထားတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ ကုသနေရလို့ ကျွန်တော်ပဲ တာဝန်ယူပြီး ပြုစုစောင့်ရှောက်နေတယ်”ဟု ၎င်းက ဆိုသည်။
Credit.....The Voice
~~~~~~~~⊰❂ ရဲ ရင့် ထွန်း ❂⊱~~~~~~~~
သတင်းအတို အစလေးများ.စာတိုလေးများဖတ်ချင်ရင်
ကျွန်တော့်ကို✅ follow&See First ✅ထားလို့ရပါတယ်
ကျေးဇူးတင်လျှက်

No comments: