ARSA အစြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ား ရက္စက္စြာ သတ္ျဖတ္ခဲ့သည့္ ဟိႏၵဴဘာသာဝင္ မ်ား၏ ရုပ္အေလာင္းမ်ား ထပ္မံရွာေဖြေတြ႕ရွိ

ေနျပည္ေတာ္ စက္တင္ဘာ ၂၅
ရခိုင္ျပည္နယ္အတြင္း ARSA စြန္းေရာက္ဘဂၤါလီအၾကမ္းဖက္သမားမ်ား၏ ရက္စက္စြာ အၾကမ္းဖက္တိုက္ခိုက္သတ္ျဖတ္ခံခဲ့ရသည့္ ဟိႏၵဴဘာသာ၀င္ရုပ္္ အေလာင္း ၂၈ ေလာင္းအား ယမန္ေန႔ စက္တင္ဘာ ၂၄ ရက္တြင္ ေမာင္ေတာၿမိဳ႕နယ္၊ ရဲေဘာ္က်ေက်းရြာအနီး၌လံုၿခံဳေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ဟိႏၵဴဘာသာဝင္မ်ားက ရွာေဖြေတြ႕ ရွိခဲ့ၿပီး က်န္ရွိဟိႏၵဴဘာသာဝင္ရုပ္အေလာင္းမ်ား ထပ္မံရွာေဖြ ေတြ႕ရွိေရး ဆက္လက္ေဆာင္ရြက္ခဲ့သည္။
ယေန႔မြန္းလြဲပိုင္းတြင္ ယမန္ေန႔က ရွာေဖြေတြ႕ရွိခဲ့သည့္ ေနရာ၏ အေရွ႕ေျမာက္ဘက္မီတာ ၄၀ဝ ခန္႔အကြာေနရာ၌ မသကၤာဖြယ္ေျမအေနအထား စတင္ေတြ႕ရွိၿပီး အပုပ္နံ႔ရသျဖင့္ တူးေဖာ္ရွာေဖြရာ အက်ယ္ ၃ ေပခန္႔ႏွင့္ အနက္ ၅ ေပခန္႔၊ တစ္က်င္းႏွင့္ တစ္က်င္း ၁၀ ေပခန္႔အကြာစီ တူးထားသည့္ က်င္း ၂ က်င္းအား ေတြ႕ရွိခဲ့သည္။
အဆိုပါေျမက်င္းမ်ားအနက္ ပထမက်င္းအတြင္းမွ အမ်ိဳးသားရုပ္အေလာင္း ၁၄ ေလာင္းႏွင့္ ဒုတိယက်င္းအတြင္းမွ အမ်ိဳးသားရုပ္အေလာင္း ၃ ေလာင္း စုစုေပါင္းအမ်ိဳးသားရုပ္အေလာင္း ၁၇ ေလာင္း တူးေဖာ္ရွာေဖြေတြ႕ရွိၿပီးျဖစ္သျဖင့္ ယေန႔အထိ ရုပ္အေလာင္း ၄၅ ေလာင္း ရွာေဖြေတြ႕ရွိၿပီးျဖစ္သည္။
အဆိုပါေနရာသို႔ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအး၊ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုႏွင့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ား၊ အမ်ိဳးသားလူ႕အခြင့္အေရး ေကာ္မတီဝင္မ်ား၊ တိုင္းစစ္ဌာနခ်ဳပ္မွ ဒုတိယတိုင္းမွဴးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားက သြားေရာက္စစ္ေဆးၾကည့္ရႈၿပီး လိုအပ္သည္မ်ားအား ေပါင္းစပ္ညွိႏိႈင္းေဆာင္ရြက္ေပး ၾကသည္။
အထက္ပါတူးေဖာ္ရရွိခဲ့သည့္ ဟိႏၵဴဘာသာဝင္ရုပ္အေလာင္းမ်ားအား ေမာင္ေတာၿမိဳ႕နယ္ က်န္းမာေရးဦးစီးဌာနမွ တာဝန္ရွိသူမ်ားျဖင့္ လိုအပ္သည့္ ေဆးစစ္ခ်က္ေဆာင္ရြက္ျခင္းမ်ား ေဆာင္ရြက္လ်က္ရွိၿပီး ဟိႏၵဴဘာသာဝင္မ်ား၏ ဓေလ့ထံုးတမ္းစဥ္လာမ်ားအတိုင္း သၿဂိဳလ္ေပးသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။
ယေန႔ထပ္မံတူးေဖာ္ရရွိခဲ့သည့္ ရုပ္အေလာင္းမ်ားသည္ ရဲေဘာ္က်ေက်းရြာမွ ဟိႏၵဴဘာသာဝင္မ်ားျဖစ္ေၾကာင္း ပူးေပါင္းရွာေဖြေရးေဆာင္ရြက္ခဲ့ၾကေသာ ေမာင္ေတာၿမိဳ႕နယ္၊ ႀကိမ္ေခ်ာင္းအလယ္ရြာေန ဦးရွိေမာ္ေတာ္၊ သမန္းေက်းရြာေန ဦးျဖမ္ေဟာ္ရီတို႔ႏွင့္ ဟိႏၵဴဘာသာဝင္အခ်ိဳ႕၏ အတည္ျပဳေျပာၾကားခ်က္မ်ားအရ သိရွိရသည္။
အဆိုပါေနရာႏွင့္ အနီးပတ္ဝန္းက်င္တစ္ဝိုက္အား လံုၿခံဳေရးတပ္ဖြဲ႕ဝင္မ်ား ႏွင့္ ဟိႏၵဴဘာသာဝင္ မ်ားပူးေပါင္း၍ က်န္ရွိဟိႏၵဴဘာသာဝင္မ်ား ရွာေဖြေတြ႕ရွိေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
(Unicode Version)
ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဟိန္ဒူဘာသာဝင် များ၏ ရုပ်အလောင်းများ ထပ်မံရှာဖွေတွေ့ရှိ
နေပြည်တော် စက်တင်ဘာ ၂၅
ရခိုင်ပြည်နယ်အတွင်း ARSA စွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ၏ ရက်စက်စွာ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရသည့် ဟိန္ဒူဘာသာဝင်ရုပ်် အလောင်း ၂၈ လောင်းအား ယမန်နေ့ စက်တင်ဘာ ၂၄ ရက်တွင် မောင်တောမြို့နယ်၊ ရဲဘော်ကျကျေးရွာအနီး၌လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဟိန္ဒူဘာသာဝင်များက ရှာဖွေတွေ့ ရှိခဲ့ပြီး ကျန်ရှိဟိန္ဒူဘာသာဝင်ရုပ်အလောင်းများ ထပ်မံရှာဖွေ တွေ့ရှိရေး ဆက်လက်ဆောင်ရွက်ခဲ့သည်။
ယနေ့မွန်းလွဲပိုင်းတွင် ယမန်နေ့က ရှာဖွေတွေ့ရှိခဲ့သည့် နေရာ၏ အရှေ့မြောက်ဘက်မီတာ ၄၀ဝ ခန့်အကွာနေရာ၌ မသင်္ကာဖွယ်မြေအနေအထား စတင်တွေ့ရှိပြီး အပုပ်နံ့ရသဖြင့် တူးဖော်ရှာဖွေရာ အကျယ် ၃ ပေခန့်နှင့် အနက် ၅ ပေခန့်၊ တစ်ကျင်းနှင့် တစ်ကျင်း ၁၀ ပေခန့်အကွာစီ တူးထားသည့် ကျင်း ၂ ကျင်းအား တွေ့ရှိခဲ့သည်။
အဆိုပါမြေကျင်းများအနက် ပထမကျင်းအတွင်းမှ အမျိုးသားရုပ်အလောင်း ၁၄ လောင်းနှင့် ဒုတိယကျင်းအတွင်းမှ အမျိုးသားရုပ်အလောင်း ၃ လောင်း စုစုပေါင်းအမျိုးသားရုပ်အလောင်း ၁၇ လောင်း တူးဖော်ရှာဖွေတွေ့ရှိပြီးဖြစ်သဖြင့် ယနေ့အထိ ရုပ်အလောင်း ၄၅ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်သည်။
အဆိုပါနေရာသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားလူ့အခွင့်အရေး ကော်မတီဝင်များ၊ တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများက သွားရောက်စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ကြသည်။
အထက်ပါတူးဖော်ရရှိခဲ့သည့် ဟိန္ဒူဘာသာဝင်ရုပ်အလောင်းများအား မောင်တောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများဖြင့် လိုအပ်သည့် ဆေးစစ်ချက်ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဟိန္ဒူဘာသာဝင်များ၏ ဓလေ့ထုံးတမ်းစဉ်လာများအတိုင်း သဂြိုလ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယနေ့ထပ်မံတူးဖော်ရရှိခဲ့သည့် ရုပ်အလောင်းများသည် ရဲဘော်ကျကျေးရွာမှ ဟိန္ဒူဘာသာဝင်များဖြစ်ကြောင်း ပူးပေါင်းရှာဖွေရေးဆောင်ရွက်ခဲ့ကြသော မောင်တောမြို့နယ်၊ ကြိမ်ချောင်းအလယ်ရွာနေ ဦးရှိမော်တော်၊ သမန်းကျေးရွာနေ ဦးဖြမ်ဟော်ရီတို့နှင့် ဟိန္ဒူဘာသာဝင်အချို့၏ အတည်ပြုပြောကြားချက်များအရ သိရှိရသည်။
အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြံုရေးတပ်ဖွဲ့ဝင်များ နှင့် ဟိန္ဒူဘာသာဝင် များပူးပေါင်း၍ ကျန်ရှိဟိန္ဒူဘာသာဝင်များ ရှာဖွေတွေ့ရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments: