အဲဒီရွာက ကြီးတော်တွေ ပြောမဆုံးပေါင် တောသုံးတောင် ဆိုသလို ဒီနေ့ဒီရက်မက သူတို့တသက်စာ ပြောနေကြလိမ့်အုံးမယ်ဆိုတာ သေချာတယ် . .
' ပုံ နဲ့  စာ ' လိုက်ဖက်ပုံများ
******************************
ရေးသား ဖော်ကျူးထား ' တဲ့ စာသားလေးကလည်း
ချစ်စရာကောင်းချက် …
' အမေစု ' ဆိုတဲ့ ' အမေ ' ကလည်း
ချစ်စရာကောင်းနေလိုက်တာ …
အဲဒီရွာက ကြီးတော်တွေ ပြောမဆုံးပေါင် တောသုံးတောင် ဆိုသလို ဒီနေ့ဒီရက်မက သူတို့တသက်စာ ပြောနေကြလိမ့်အုံးမယ်ဆိုတာ သေချာတယ် . .
ငါ့ခြံ ငါ့ဝိုင်းထဲပေါ့အေ့
ဟောသည်က ခုံပေါ့အေ့
အမေစုဆိုသာအေ နုချက် ချောချက်
အမယ် ကျုပ်က လက်ကလေးကိုင်လိုက်ရ
အားနာတာအေ ကျုပ်လက်ကကြမ်းနေလို့
အမေစုရဲ့လက်ကလေး နုဖတ် ဖြူဖွေးနေတာပဲ . .
ဟဲ့ ငါကမှအေ ပုခုံးလာဖက်တာအေ့
ပျော်လိုက်ထာအေ .......ဆိုတာမျိုး. .
ကြည့်ပါဦး. .
မုန့်ဆီကြော်၊ မြေပဲတောင့်လှော်၊ ပဲကြော်ကလေး၊ ဧည့်ဝတ်ပြုတာတဲ့ . .
စားပွဲခင်းလား. .
ကြည့်ထား၊ ကိုယ့်ရွာအတွက်တော့ အထွတ်အမြတ်ပေါ့. .ခါတိုင်း ဘယ်သူလာလာမလိုပေမယ့်
ဒါ. .
ဗိုလ်ချုပ်ရဲ့သမီး စု ဟဲ့ . .
အတိုင်ပင်ခံပုဂ္ဂိုလ်ဟဲ့ . .
ပုဆိုးဟောင်းလေးတော့ခင်း လက်သုပ်လေးလည်းချ
ဒါမှ အမြင်လှတော့မပေါ့အေ . .
ဝမ်းတွင်းချည်ထည်ဆိုတာ ကိုယ်တွေတောင် နွေမှာ ချည်မို့ အေးလို့ဝတ်တာ၊ ပွဲနေပွဲထိုင် ဒီအကွက်မျိုး တိုးလေ့မရှိ။ ဈေးချိုတယ် ၅၀၀၀ ထက်မပိုတတ်. .
ဟော . .
အမေ့ပေါင်ပေါ်က အထည်တွေ အထပ်လိုက်၊ချက်ချင်း ဈေးက တန်ဖိုးဖြတ်မရဘူးတောင်ထင်တယ် . .
ကြီးတော်တို့ ကံကောင်းချက်က 9++++ပါတော်၊ ကိုယ့်ချည်နဲ့ ကိုယ်စက်မှာ ကိုယ့်လက်နဲ့ ယက်ထားတဲ့ ကိုယ်ချည်ထည်လေးတွေ အမေစုအတွက် လက်ဆောင်ပေးခွင့်ရလိုက်တာ ..
ကျေနပ်သပ မြေတိုင်သူကြီးတို့ရဲ့ . .
ကောင်းလိုက်တဲ့ပါဆယ်၊ လှလိုက်တဲ့ ထုပ်ပိုးမှု၊ အမေစုဝတ်ဖို့တဲ့၊ ပိုးကြိုးမပါ၊ ဖဲကြိုးမဆက်၊ ကြွပ်ကြွပ်ကြိုးနဲ့ ထပ်ချည်
ဒါတင်မက . .
မနေ့ညနေကခူး ဇွန်ပန်းဖူးတွေ၊ ကျုပ်ကိုယ်တိုင်သီထားတယ်တော့
ရော့ ယူသွား ..... ပန်သွား. .စု က ပန်းကြိုက်တော့ ချက်ခြင်းကိုကောက်ပန်လိုက်တာ ပျော်ချက်တော် . .
ဟယ် . .
လက်ကမချဘူးတော့ . .ကြည့်ပါလား ဓာတ်ပုံထဲ . .
ဟယ် ဒီတခါမြို့သွားရင် ပုံထုတ်ခဲ့စမ်း. .
ကြီးကြီးသာထုတ်ခဲ့၊ ကုန်ချင်သလောက် ကုန်ပလေ့စေ . .
ငါ့အိမ် ငါ့မြေကို အမေစု လာဖူးတယ် . . စု လာဖူးတယ်လို့ ကြုံရာလူကြွားစမ်းမဟဲ့ ဆိုတာမျိုး ဒီကြီးတော်တို့
ပြောလို့ ရိုးမယ်ကို မထင်ပါဘူးအေ . .
ဖိုတို ခရက်ဒစ်

No comments: