ကလစ်တစ်ချက်နှိပ်ပေးခြင်းဖြင့်ကူညီပါ။

အမျိုးသမီးလူနာ 54 ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့သည့် ဆရာဝန်ကို ဖမ်းဆီး

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြိုမှာ နေထိုင်တဲ့ GP လို့ ခေါ်တဲ့ General Practitioner(အထွေထွေရောဂါကုဆရာဝန်) တစ်ဦးကို အမျိုးသမီး 54 ဦးအား လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုမှုအတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဒေါက်တာရဲ့ နာမည်ကတော့ Manish Shah (47)နှစ် ဖြစ်ပါတယ်။

Shah ကို သြဂုတ်လ 2 ရက်နေ့က Barkingside Magistrates Court တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ပါတယ်။ သူဟာ သူရဲ့လူနာ အမျိုးသမီး 54 ဦးကို ကာယိနြေ္ဒပျက်စေမယ့် အပြုအမူတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ဆက်တိုက်ကျူးလွန်ခဲ့ပြီး၊ ဒီအထဲမှာ အသက် 13 နှစ်အရွယ် ကလေးမလေးတစ်ယောက်လည်း ပါဝင်ပါတယ်။

Shah ဟာ Penetration (အဓမ္မမှုလို့ယူဆရတဲ့) အမှု 65 ကြိမ်အထိ ကျူးလွန်ကြောင်း စွပ်စွဲခံထားရပြီး၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု 52 မှုအတွက်လည်း အမှုရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတစ်မှုကိုလည်း ရင်ဆိုင်နေရပြီး၊ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ပြင်းထန်စွာ စီရင်ခံရဖို့ ရှိနေပါတယ်
တရားရုံးဟာ တစ်ခြားသက်သေတွေ အတွက်ကိုလည်း ထပ်မံတောင်းခံနေပြီး၊ မိမိတို့ ကိုယ်တိုင် သို့မဟုတ် ဆွေမျိုးသားချင်းတစ်ဦးဦးဟာ ဒေါက်တာ Shah ရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုခံခဲ့ရပါက မိမိတို့သက်ဆိုင်ရာ နယ်မြေရဲစခန်း စသည်တို့ကို အကြောင်းကြားကြဖို့ တိုက်တွန်းထားပါတယ်။
Credit: http://www.shwemom.com/gp-charged-with-sexually-abusing-54-patients-including-a-child/

No comments:

Powered by Blogger.