တိုင်းနှင့်ပြည်နယ်များတွင် မြေယာများဖော်ထုတ်ပြီး လယ်ယာမဲ့သူများကို မြေနေရာပေးရန် စီစဉ်ဆောင်ရွက်နေပြီဟု ပြည်ထောင်စုဝန်ကြီး ဆို

===========================================================================================
ရန်ကုန်၊ စက်တင်ဘာ ၂၅
မကြာ မီလပိုင်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြေယာများဖော် ထုတ်၍ လယ်ယာမဲ့သူများကို မြေ နေရာပေးရန် စီစဉ်ဆောင်ရွက်နေ ပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြောကြားလိုက်သည်။
စက်တင်ဘာ ၂၅ ရက် နေ ပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁ဝ) အထက်တန်းကျောင်းတွင်ပြု လုပ်သည့် ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေး နေ့အထိမ်းအမှတ်အခမ်းအနား အပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
'' Lift Fund က အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၁၉ မီလီယံ ကူညီမယ်လို့ပြောတယ်။ ဒို့က ကျူး ကျော်တဲတွေလည်းလုပ်ချင်တယ်။ မြေယာတွေဖော်ထုတ်ပြီး အဲဒီမြေယာ တွေကို လယ်ယာမဲ့တွေကိုပြန်ပြီး ပေးချင်တယ်။ ပေးချင်တယ်ဆို တော့ Pilot Skill နဲ့လိုက်လုပ်တာ ပေါ့။ အခု တိုင်းဒေသကြီးတော် တော်များများက တင်လာတာတွေ ရှိတယ်။ အဲဒီအထဲကနေပြီး အမေ ရိကန်ဒေါ်လာ ၄ ဒသမ ၁၉ မီလီယံ ကကာလပေါက်ဈေးနဲ့တွက်ရင် ကျပ် သိန်းငါးသောင်းကျော်နဲ့ အလကား ဖော်ထုတ်ပြီး လယ်ယာမဲ့တွေကို ချထားတဲ့အစီအစဉ်ကို အခုတစ် လနှစ်လအတွင်း စဖို့လုပ်နေပါပြီ''ဟု ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အစားအ သောက်နှင့်စားနပ်ရိက္ခာလုံခြုံမှုရှိ စေရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး တို့အတွက် အဓိကကူညီနေသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ် သော Lift Fund က မြေယာဖော် ထုတ်ရေးအတွက် အမေရိကန်ဒေါ် လာ ၄ ဒသမ ၁၉ မီလီယံ အကူ အညီပေးမည်ဖြစ်ပြီး လယ်ယာမဲ့ များကို နေရာချပေးရန် စမ်းသပ် လုပ်ဆောင်မှု(Pilot Skill) အောင် မြင်ပါက နိုင်ငံတော်မှဘဏ္ဍာငွေ ကြေးထောက်ပံ့မှုလုပ်ကာ ကျူး ကျော်ပြဿနာများကိုဖြေရှင်းရန် အစီအစဉ်များလည်းရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ပြောသည်။
ယင်းအစီအစဉ်ကိုဆောင်ရွက် ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အ သီးသီးထံ စာများပေးပို့ထားပြီဖြစ် ပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် ချင်းပြည်နယ်တို့မှ နေရာ များကို လာရောက်တင်ပြမှုများရှိ ကြောင်း သိရသည်။
''တချို့တိုင်းဒေသကြီးတွေ က ဖော်ထုတ်မယ့်နေရာတွေကို Lift Fund နဲ့တွဲပြီး သင့်လျော်ဆုံးနဲ့အဖြစ် နိုင်ဆုံးနေရာတွေရွေးမယ်'' ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ယင်းတင်ပြချက်များကို မျှမျှ တတဖြစ်အောင်ရွေးချယ်၍ ဖြစ်နိုင် ခြေရှိသည့်နေရာများကို ဖော်ထုတ် ပြီး လယ်ယာမဲ့များကိုနေရာချထား ပေးရန်စီစဉ်မည်ဖြစ်ကြောင်း ဒေါက် တာအောင်သူက ဆက်လက်ပြော သည်။
MP
#democracytoday

No comments: