အိမ်အကူ(၁၁)နှစ်အရွယ်မိန်းမငယ်လေးအား ညှင်းပန်းနှိပ်စက်သဖြင့်အမှုဖွင့်တိုင်ကြား ====-==
အိမ်အကူ(၁၁)နှစ်အရွယ်မိန်းမငယ်လေးအား ညှင်းပန်းနှိပ်စက်သဖြင့်အမှုဖွင့်တိုင်ကြား
====-========-==========-========-==========
လှော်ကားတာဆုံအနီးရှိ*မြင့်မဟာ*စားသောက်ဆိုင်ပိုင်ရှင်လင်မယားမှ အိမ်အကူ(၁၁)နှစ်အရွယ်မိန်းမငယ်လေးအား ညှင်းပန်းနှိပ်စက်သဖြင့်အမှုဖွင့်တိုင်ကြား
(MCRA-SH)အဖွဲ့မှလိုက်လံကူညီဆောင်ရွက်
ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ်
လှော်ကားတာဆုံအနီး ပြည်တော်သာလမ်းရှိ* မြင့်မဟာ*
စားသောက်ဆိုင်ပိုင်ရှင် လင်မယားမှ အသက်(၁၁)နှစ်
အရွယ်အိမ်အကူ မိန်းမငယ်အား ညှင်းပန်းနှိပ်စက်သဖြင့်
မိခင်ဖြစ်သူမှ လှော်ကားနယ်မြေရဲစခန်းသို့၂၃.၉.၂၀၁၇
ရက်နေ့ ည(၁၁)နာရီအချိန်ခန့်တွင် အမှုဖွင့်တိုင်ကြား
ခဲ့သည်။
ဖြစ်စဉ်မှာ စက်တင်ဘာ(၂၃)ရက် ည(၁၀)နာရီ
အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၂၄)ဇီးကုန်း
ရပ်ကွက် ယုဇနလမ်း အိမ်အမှတ်(၂၅၂) အဆောင်တွင်
နေထိုင်သော မမြမြခိုင်(၃၈)နှစ်သည် ၎င်း၏အကိုဖြစ်သူ ဦးမြင့်ဦး သမီးဖြစ်သူ မရွှေဇင်ဝင်း(၁၁)နှစ် တို့နှင့်အတူ
တစ်ရပ်ကွက်တည်းနေ ဦးမျိုးသွင်ဦး-မြို့နယ်တွဲဘက် အတွင်းရေးမှူး(မြန်မာနိုင်ငံမှုခင်းထောက်များအသင်း(MCRA)/ရှုထောင့်မှုခင်းနှင့်သတင်းအဖွဲ့(SH) ထံသို့ရောက် ရှိကာ သမီးဖြစ်သူနှင့်ပတ်သက်၍ ကူညီပေးပါရန် အကူအ
ညီတောင်းခံခဲ့ရာ ဦးမျိုးသွင်ဦးမှ မြို့နယ်(MCRA-SH)ဥက္ကဌထံ ဆက်သွယ်အကြောင်းကြားခဲ့ပြီး မြို့နယ်
ဥက္ကဌ ဦးကိုကိုခိုင်နှင့် ပြန်ကြားရေးမှူး မင်းမင်း တို့မှရောက်
ရှိလာပြီးမေးမြန်းရာ - - - -
မမြမြခိုင်မှ- - လွန်ခဲ့သော(၇)လခန့်က စီးပွားရေးအခြေအနေအရပ်ရပ်ကြောင့် သမီးဖြစ်သူမရွှေဇင်
ဝင်း အား လှော်ကားရပ်ကွက် ပြည်တော်သာလမ်းရှိ
*မြင့်မဟာ* စားသောက်ဆိုင်တွင် ပိုင်ရှင်ဦးသိန်းမြင့်စိုး ဇနီး
ဒေါ်တင်ဌေးရီ တို့လင်မယားထံတွင် အလုပ်လုပ်ရန်အပ်နှံ
ထားခဲ့သည်။ မမြမြခိုင်မှ စက်တင်ဘာ(၂၁)ရက်နေ့တွင်
သမီးဖြစ်သူထံသွားရောက်ခဲ့ရာ ပိုင်ရှင်လင်မယားမှ သမီးဖြစ်
သူရင်ဘတ်အောင့်ပြီးနေမကောင်းဖြစ်နေသဖြင့် ဆေးကုပေးနေရကြောင်း သမီးဖြစ်သူအားပြန်ခေါ်သွားရန် နှင့် တစ်ရက် နှစ်ရက်နေလျှင် ပြန်လာပို့ပေးရန်
ပြောကြားကာ သမီးဖြစ်သူအားပြန်ထည့်ပေးလိုက်သည်။
သမီးဖြစ်သူနှင့်နေအိမ်ပြန်ရောက်ပြီး (၃)ရက်
အကြာ စက်တင်ဘာ(၂၃)ရက် ည(၈)နာရီအချိန်ခန့်တွင်
မမြမြခိုင်သည် နေအိမ်၌ရှိနေစဉ် သမီးဖြစ်သူသည် လမ်းပေါ်
တွင်မူးလဲကြောင်းကြားသိရသဖြင့်လိုက်သွားရာ သမီးဖြစ်သူ
နှင့်တွေ့ရှိပြီး သမီးဖြစ်သူမှ အမေသမီးကိုအသေသာ သတ်ပစ်လိုက်ပါတော့ အဲ့ဒီဆိုင်မှာသမီးအလုပ်မလုပ်ချင်
တော့ဘူးဟုပြောကြားသဖြင့် မိခင်ဖြစ်သူမှမေးမြန်းရာ
သမီးဖြစ်သူမရွှေစင်ဝင်းမှ စက်တင်ဘာ(၁၄)ရက် ဝန်းကျင်တွင် *မြင့်မဟာ* စားသောက်ဆိုင်ပိုင်ရှင် ဒေါ်တင်ဌေးရီမှ ဦးခေါင်းကို ဘုရားပန်းအိုးဖြင့်ထုခြင်း
ဓားပြားဖြင့်လက်ကိုရိုက်ခြင်း ဝါယာကြိုးဖြင့်ရိုက်ခြင်းများ
ပြုလုပ်ပြီး ၎င်း၏ယောက်ကျားဖြစ်သူ ဦးသိန်းမြင့်စိုးမှ ရင်ဝ
ကိုခြေထောက်ဖြင့် စောင့်ကန်ခြင်းများပြုလုပ်သဖြင့် ရင်ဘတ်အောင့်နေကြောင်း ပြောပြခဲ့သည်။
အကြောင်းစုံသိရပြီးနောက် မရွှေစင်ဝင်းအား ကြည့်
ရှုရာ ဦးခေါင်းအတွင်း ဆံပင်နှင့်အုပ်လျက် ဘုသီးကြီးတွေ့
ရှိ၍ လက်တွင်လည်းပွန်းပဲ့ဒဏ်ရာ နှင့် အရှိုးရာများတွေ့ရှိ
ခဲ့သည်။
၎င်းနောက် ဦးကိုကိုခိုင်နှင့်(MCRA-SH)အဖွဲ့မှ အမှတ်(၂၄)ဇီးကုန်းရပ်ကွက်မိခင်နှင့်ကလေးစောင့်ရှောက် ရေးမှ ဒေါ်ခင်စန်းအေး
အမှတ်(၉)ရပ်ကွက်မိခင်နှင့်ကလေးစောင့်ရှောက်ရေးမှ
ဒေါ်အမာ တို့ကိုဆက်သွယ်ခေါ်ယူ၍ လှော်ကားနယ်မြေ
ရဲစခန်းသို့ သွားရောက်အမှုဖွင့်တိုင်ကြားရာ ရဲလုပ်ထုံး
လုပ်နည်းနှင့်အညီ စစ်ဆေးဆောင်ရွက်ပြီး ရွှေပြည်သာဆေး
ရုံသို့ ညတွင်းချင်း ဆေးစာရယူကာ နံနက်(၂)နာရီအချိန်
တွင် မိခင်ဖြစ်သူ မမြမြခိုင်မှတရားလိုပြု၍ အမှုဖွင့်လှစ်နိုင်
ခဲ့သည်။
လှော်ကားနယ်မြေစခန်းမှူး ရဲအုပ်သက်နိုင်မှ ညတွင်းချင်းအမှုဖွင့်လှစ်နိုင်အောင်အဖက်ဖက်မှကူညီ ဆောင်ရွက်ပေးခဲ့ပြီး (ပ)၈၉၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ
၃၂၅/၃၅၄/၁၁၄ တို့ဖြင့်အမှုဖွင့်လှစ်ကာ အရေးယူဆောင်
ရွက်လျှက်ရှိသည်။
ကိုကိုခိုင်
MCRA-SH
ရွှေပြည်သာမြို့နယ်ရုံး
ရဲ ရင့် ထွန်း

No comments: