ဓမ္မတာလာနေစဉ် လိင်ဆက်ဆံခြင်းက အန္တရာယ်ဖြစ်စေပါသလား?(ကျန်းမာရေး)
ကျန်းမာရေးနှင့်ညီသော လိင်မှုဘဝသည် လူသားတို့၏ အလုံးစုံကျန်းမာရေးအတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်သည်။ လိင်မှုကိစ္စက လူသားတို့၏ စိတ်နှင့်ကိုယ်ကျန်းမာရေးကို ထိန်းသိမ်းရန် အထောက်အကူပြုကြောင်း လေ့လာမှုများစွာက သက်သေပြထားသည်။သို့သော် သင်၏အဖော် ဓမ္မတာလာနေချိန်အတွင်း လိင်ဆက် ဆံခြင်းက ဘေးကင်းလုံခြုံမှုရှိသလား (သို့မဟုတ်) ယင်းအချိန်တွင် ဆက်ဆံပါက နာကျင်ခြင်းတို့ ဖြစ်ပေါ်စေလားဆိုခြင်းနှင့်ပတ်သက်၍ စူးစမ်းလိုမှုများ အများအပြားရှိနေသည်။
အိန္ဒိယနိုင်ငံ Max Smart Super Specialty ဆေးရုံ သားဖွား မီးယပ်ဌာန ညွှန်ကြားရေးမှူး ဒေါက်တာအနူရာဒါကာပူးက ရောဂါ ပိုးဝင်ရောက်နိုင်ခြေ အလွန်မြင့်မားသောကြောင့် ဓမ္မတာလာနေချိန်အတွင်း ဆက်ဆံခြင်းမှာ ဘေးကင်းစိတ်ချရမှုမရှိဘဲ အထူးသဖြင့် ကွန်ဒုံးမသုံးသော အမျိုးသားများ အန္တရာယ်ရှိသည်ဟု ပြော သည်။
ဓမ္မတာလာနေသော်လည်း ကျားနှင့်မတို့ ဖက်ယမ်းနမ်းရှုပ်ထိတွေ့ခြင်း ပြုလုပ်နိုင်သည်။ သို့သော် ယင်းကာလအတွင်း လိင်ဆက်ဆံခြင်းမှာ ရှုပ်ထွေးနိုင်သည်။ ထို့ကြောင့် ယင်းကာလအတွင်း ဆက်ဆံလိုပါက ကြိုတင်သတိထားရန် လိုသည်။
သန့်ရှင်းမှု ရှုထောင့်မှကြည့်လျှင် ယင်းအချိန်တွင်း ဆက်ဆံ ခြင်းမှာ သန့်ရှင်းမှုမရှိဘဲ ကျားနှင့်မ နှစ်ဦးလုံး မသက်မသာဖြစ်ခြင်း နှင့် ရောဂါပိုးဝင်ခြင်းတို့ ဖြစ်နိုင်သည်ဟု ဒေါက်တာကာပူးကပြော သည်။
သန့်ရှင်းမှု ရှုထောင့်မှကြည့်လျှင် ယင်းအချိန်တွင်း ဆက်ဆံ ခြင်းမှာ သန့်ရှင်းမှုမရှိဘဲ ကျားနှင့်မ နှစ်ဦးလုံး မသက်မသာဖြစ်ခြင်း နှင့် ရောဂါပိုးဝင်ခြင်းတို့ ဖြစ်နိုင်သည်ဟု ဒေါက်တာကာပူးကပြော သည်။
ဓမ္မတာလာနေချိန်တွင် မအင်္ဂါလမ်းကြောင်းတစ်လျှောက် စို စွတ်မှု ပိုများခြင်းကြောင့် ပိုစိတ်လှုပ်ရှားစရာ ကောင်းသော်လည်း အတွင်းပိုင်းသို့ ပိုမိုထိုးဖောက်ဝင်ရောက်နိုင်ခြေများသဖြင့် သားအိမ်ခေါင်းကို အနှောင့်အယှက်ဖြစ်စေကာ အခြေအနေ ပို၍ဆိုးရွားနိုင်သည်။
ဓမ္မတာလာချိန်အတွင်း အမျိုးသမီးများ ကိုယ်ဝန်မရနိုင်ဆိုသော လွဲမှားသည့် ယုံကြည်ထားမှုတစ်ခုလည်း ရှိနေသည်။ ယင်းအချိန်တွင် ကိုယ်ဝန်ရနိုင်ခြေ နည်းပါးသော်လည်း ကိုယ်ဝန်ရနိုင်ခြေ ရှိနေဆဲဖြစ်သည်။ ဓမ္မတာစက်ဝန်းသည် ၁၄ ရက်ကြာပြီးမှ စတင်သောကြောင့် ကိုယ်ဝန်ရနိုင်ခြေ အလွန်နည်းပါးသော်လည်း အမျိုးသမီးများ၏ မျိုးအောင်နိုင်မှုမြင့်မားခြင်း (သို့မဟုတ်) သုက်သွေး အရည်အသွေး ကြံ့ခိုင်ခြင်းတို့ကြောင့် ယင်းကာလအတွင်း ဆက်ဆံရာမှ ကိုယ်ဝန်ရသော အမျိုးသမီးများ ရှိနေဆဲဖြစ်ကြောင်း ဒေါက်တာကာပူးကပြောသည်။
ဓမ္မတာလာနေချိန်တွင် လိင်ဆက်ဆံလိုပါက အစဉ်အလာ မျက်နှာအပ်ပုံစံမျိုးဖြင့် ဆက်ဆံခြင်းမှာ ရှုပ်ထွေးမှု အနည်းပါးဆုံးဖြစ်ကြောင်း ဒေါက်တာကာပူးကပြောသည်။
ဓမ္မတာလာနေချိန်တွင် လိင်ဆက်ဆံလိုပါက အစဉ်အလာ မျက်နှာအပ်ပုံစံမျိုးဖြင့် ဆက်ဆံခြင်းမှာ ရှုပ်ထွေးမှု အနည်းပါးဆုံးဖြစ်ကြောင်း ဒေါက်တာကာပူးကပြောသည်။
ထို့အပြင် ဓမ္မတာလာခြင်းအတွက် အသုံးပြုရသော ဂွမ်း တောင့် (tampon) ဆို့ထားချိန်၌ လိင်ဆက်ဆံခြင်းမှာ ရှုပ်ထွေးမှု များ ပိုမိုဖြစ်ပွားနိုင်သည်။
—Ref: TOI
Credit: 7daydaily
No comments: