တစ်ဦးလျှင် ကျပ် ၁၃ သိန်းဖြင့် ရန်ကုန်ပို့ပေးမည်ဟု အလိမ်ခံရသော ဘင်္ဂါလီနှစ်ဦးဖမ်းမိ

==========================
တစ်ဦးလျှင် ကျပ် ၁၃ သိန်းဖြင့် ရန်ကုန်သို့အရောက်ပို့ ဆောင်ပေးမည်ဟု ဘင်္ဂါလီတစ်ဦး ၏ အလိမ်ခံရသော ဘင်္ဂါလီအမျိုး သားနှစ်ဦးကို အမ်းမြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း ပြည်ထဲရေးဝန် ကြီးဌာနက စက်တင်ဘာ ၂၅ ရက်၌ သတင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် မဲသံကြိုးကျေးရွာရှိ ပလ္လ၀ါချောင်း စပ်တွင် ဘင်္ဂါလီနှစ်ဦးကို ဒေသခံ များက မြင်တွေ့ရ၍ ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့ပြီးနောက် လုံခြုံရေးရဲတပ်ဖွဲ့က ထိန်းသိမ်း စစ်ဆေးခြင်းဖြစ်သည်။
အဆိုပါ သတင်းထုတ်ပြန် ချက်တွင် ထိန်းသိမ်းထားသော ဘင်္ဂါလီနှစ်ဦးသည် မြောက်ဦးမြို့ နယ်မှဖြစ်ပြီး ရန်ကုန်သို့ တရားမ ၀င် သွားရောက်စဉ်ဒေသခံများ၏ သတင်းပေးချက်အရ ဖမ်းဆီးနိုင် ခြင်းဖြစ်သည်ဟု ပါရှိသည်။
အလိမ်ခံရသည့် ဘင်္ဂါလီနှစ် ဦးသည် တစ်ဦးက ဆိုင်ကယ်ဖြင့် လည်းကောင်း၊ ကျန်တစ်ဦးက စက်လှေဖြင့်လည်းကောင်း မင်း ပြားဆိပ်ကမ်းသို့ ရောက်ရှိခဲ့ ကြောင်း ယင်းမှတစ်ဆင့် စက်လှေ ဖြင့် ထွက်ခွာခဲ့ရာ ကမ်းစပ်တစ်ခု သို့ အရောက်တွင် စက်လှေကို ရပ်ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ထို့နောက် ၎င်းတို့နှစ်ဦးသည် တောထဲ၌တစ်ညအိပ်ခဲ့ရပြီး နံနက်တွင် ၎င်းတို့ကို လိုက်ပါပို့ ဆောင်သူ မရှိတော့သဖြင့် တော လမ်းအတိုင်း လမ်းလျှောက်လာ စဉ် ဖမ်းဆီးခံရကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးက ‘‘သူတို့ (ဖမ်းဆီး ထားသူ ဘင်္ဂါလီနှစ်ဦး) ကို ဘင်္ဂါ လီတစ်ယောက်က ရန်ကုန်ကိုပို့ဖို့ လုပ်တာ။ လမ်းမှာထားခဲ့တာ။ တောထဲမှာ တစ်ညအိပ်ခဲ့ရတယ် လို့ ပြောတယ်။ အခုတော့ လ၀က ကို လွှဲပြီးအရေးယူဖို့ စီစဉ်နေပါ တယ်’’ဟု ပြောသည်။
ဘင်္ဂါလီများကို ရခိုင်ပြည် နယ်မှ ရန်ကုန်သို့အခကြေးငွေဖြင့် ပို့ဆောင်သည့်ဈေးကွက်ရှိနေပြီး ၂၀၁၅ က ဖြစ်စဉ်တစ်ခုတွင် အ ငြိမ်းစားရဲအရာရှိအချို့၏ မိသား စုဝင်များက ဘင်္ဂါလီများထံ အခ ကြေးငွေယူ၍ ရန်ကုန်သို့ပို့ဆောင် ရန် ကြိုးစားခဲ့သည်ကို စစ်ဆေး ရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။
=============
7Day News Journal

No comments: