ကလစ်တစ်ချက်နှိပ်ပေးခြင်းဖြင့်ကူညီပါ။

H1N1 ရာသီမှာ ဝက်သား၊ ကြက်သား နဲ့ ကြက်ဥ စားလို့ ရပါသလား

ဒါက အခုတလော အရမ်းကို ရေပန်းစားတဲ့ ကိစ္စတစ်ခုဆို မမှားပါဘူး။ အခုဆိုရင် ဈေးထဲမှာ ကြက်သား ဈေးတွေက တစ်ဆယ်သား ၄၀၀ ကျပ်အထိ တောင် ဈေးတွေ ကျနေပြီး ပင်လယ်စာတွေက ဈေးကြီး နေပါတယ်။ ဒါ့အပြင် လူအများစုက ကြက်ဥကို အခုတလောမှာ မစားရဲပါဘူး။

ဒီလို ရှောင်ကြဉ်ခြင်းက H1N1 ကို တကယ်ပဲ ကာကွယ် နိုင်ပါသလား ???? …..

ဒါမှမဟုတ် ဒီအသားတွေ စားသုံးခြင်းဖြင့် ရောဂါပိုး ကူးစက်ခံရနိုင်သလား ????? …..
ဒီအကြောင်းကို အရင် မပြောခင် H1N1 ရာသီတုပ်ကွေးရောဂါက ဘယ်လို ကူးစက်နိုင်လဲဆိုတာကို အနည်းငယ် ရှင်းပြချင်ပါတယ်။

ရောဂါပိုး ကူးစက်ခံရနိုင်သော နည်းလမ်းများမှာ -

1. အသက်ရှုလမ်းကြောင်းမှ တစ်ဆင့် ကူးစက်ခြင်း

2. ရောဂါပိုးရှိသူအနေဖြင့် နှာချေခြင်း၊ ချောင်းဆိုးခြင်းမှ ထွက်ပေါ်လာသော အစက်အမှုန် ပိုးမွှားများမှ ကူးစက်ခြင်း

3. ရောဂါပိုးရှိသူမှ အသုံးပြုထားသော အသုံးအဆောင်ပစ္စည်းများမှ ကူးစက်ခြင်း - စသည်တို့ ဖြစ်ပါတယ်။ ထိုအချက်များသည် တစ်မီတာ (သို့မဟုတ်) ၆ ပေ အကွာတွင် ကူးစက်ခံရနိုင်ပါတယ်။ 


ဈေးဆိုတာ လူထူထပ်တဲ့ နေရာတစ်ခုပါ။ ဒါ့ကြောင့် ရောဂါကူးစက်နိုင်ချေများတယ်လို့ ယူဆကြပါတယ်။ ဈေးရောင်းသူက ဖြစ်စေ၊၊ ဈေးဝယ်သူဖြစ်စေ၊ ရာသီတုပ်ကွေး ရောဂါရှိသူမှ ဖြစ်စေ ၆ ပေ အကွာတွင်ရှိသော အသားစိမ်း၊ ငါးစိမ်း အပါအဝင် ကျန်တဲ့အရာဝတ္ထုများအားလုံးကို ကူးစက်နိုင်ပါတယ်။ 


ထို့အပြင် မြို့တော်စည်ပင်သာယာရေး၏ ခွင့်ပြုချက် လိုင်စင်ဖြင့်သာ သား၊ငါးများ သတ်ခွင့်ရှိပါတယ်။ ထို့ကြောင့် တရားဝင် သားသတ်ထားတာတွေ အကုန်လုံးကတော့ စိတ်ချရတယ်လို့ ဆိုပါတယ်။ သို့သော် အရည်၊ အချွဲတွေကနေ တစ်ဆင့် ကူးစက်တာတာမို့ သားစိမ်း၊ ငါးစိမ်း ကိုင်မယ်ဆိုရင်တော့ လက်အိတ်လေးနဲ့ ကိုင်သင့်ပါတယ်။ သားစိမ်း၊ ငါးစိမ်းကိုရောင်းချသူများသာမက၊ ဝယ်ယူစားသုံးသူများပါ လက်အိတ် အသုံးပြုသင့်ပါတယ်။ ပြီးလျှင် သန့်စင်စွာဆေးကြောပြီး ကျက်အောင် ချက်ပြုတ်ပါက စိတ်ချရပါတယ်။ ရာသီတုပ်ကွေးရောဂါ မကူးစက်နိုင်ပါဘူး။ ထိုကဲ့သို့ ကြက်ဥကိုလည်ျးကက်အောင် ပြုတ်၊ ကြော် ပြီး စားသုံးပါက စားလို့ ရတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကြက်သား၊ ဝက်သားနဲ့ ကြက်ဥတွေကို စားသုံးလျှင် ရာသီတုပ်ကွေးရောဂါ ကူးစက်နိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ ထိုကဲ့သို့ပင် ငါးတွေနဲ့ ပင်လယ်စာတွေ စားသုံးတဲ့ အခါမှာလည်း ကျက်အောင် ချက်ပြုတ်ဖို့နဲ့ အစိမ်းတွေကို ကိုင်တဲ့အခါ လက်အိတ် အသုံးပြုဖို့ မမေ့ကြပါနဲ့။ 


H1N1 အပါအဝင် အခြားသော ရာသီတုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနများနှင့် ဆရာဝန်များမှ ညွှန်ကြားသည်များကိုသာ လိုက်နာ ဆောင်ရွက်သင့်ပါသည်။ မလိုအပ်သော သတင်းများနှင့် အခြားသော နည်းလမ်းများကို လိုက်နာဆောင်ရွက်ခြင်း မပြုကြရန်လည်း တိုက်တွန်းအပ်ပါသည်။


Credit- Myanmarload

No comments:

Powered by Blogger.