ကလစ်တစ်ချက်နှိပ်ပေးခြင်းဖြင့်ကူညီပါ။

အဖြေပြန်မပေးတဲ့crush ကိုတိုက်ပေါ်မှ တွန်းချခဲ့တဲ့ အမျိုးသား

အဖြေပြန်မပေးတဲ့crush ကိုတိုက်ပေါ်မှ တွန်းချခဲ့တဲ့ အမျိုးသား
___________________________________  
ပြီးခဲ့တဲ့ ၂၄ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် တရုတ်နိုင်ငံမှာ အမျိုးသမီးတစ်ယောက်သည် ၁၉ တိုက်ပေါ်မှ တွန်းချခံခဲ့ရပါတယ်။ အသက် ၂၇ နှစ်အရွယ် အမျိုးသားသည် သေဆုံးသွားတဲ့ အမျိုးသမီးကို တစ်ဖက်သတ် အရူးအမှုး စွဲလမ်းနေခဲ့တာ ၈နှစ်ကြာရှိခဲ့ပါပြီးလို့ သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးနဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေလည်းဖြစ်ကြပါတယ်။ နှစ်ယောက်က ကျောင်းကတည်းက သိခဲ့ကြတာဖြစ်ပြီး ထိုအမျိုးသားကတော့ အမေရိကားမှာ ကျောင်းသွားတတ်ခဲ့ပါတယ်။ အရင်ကထက်ပိုပြီး ရင်နှီးခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် တစ်နေ့တာ အကြောင်းတွေပြောဖြစ်ခဲ့ကြပါတယ်။ ဒါအေမယ့် အမျိုးသမီးဘက်ကတော့ သူငယ်ချင်းအဆင့်ထိပဲသတ်မှတ်ပါတယ်။ ထိုအမျိုးသားမှာ သေဆုံးသွားတဲ့အမျိုးသမီးအပေါ် ချစ်မြတ်နိုးနေခဲ့ပါတယ်။ ထိုကြောင့် တရုတ်နိုင်ငံကို ပြန်လာခဲ့ပြီး သေဆုံးသွားတဲ့အမျိုးသမီးနဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ အဆောင်မှာ တူတူနေကြပါတယ်။

ထိုသေဆုံးသွားတဲ့ အမျိုးသမီးကိုယောက်ျားတစ်ယောက်နဲ့ ဓာတ်ပုံတွဲရိုက်ထားတာကို မြင်လိုက်ရပြီးနောက် ဒေါသထွက်သွားပါတယ်။ ” ကျွန်တော်နဲ့ကျတော့ ဓာတ်ပုံတစ်ခါမှ တွဲမရိုက်ဖူးဘူး” လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ သူမ မသေဆုံးခင်ညက သူမကို ယောကျာ်းတစ်ယောက်နဲ့ စကားပြောသံတွေကြားခဲ့ရပြီးနောက် ထိုအမျိုးသားမှာ ဒေါသဖြစ်သွားခဲ့ပါတယ်။ သေဆုံးသွားတဲ့အမျိုးသမီးကို အိပ်ရာကနေ သယ်လာပြီး တိုက်ပေါ်ကနေ ပစ်ချခဲ့တာဖြစ်ပါတယ်။ တရားရုံးကနေ ပြစ်ဒဏ်ကိုတော့ မသတ်မှတ်ရသေးပါဘူး လို့ world of buzz  သတင်းစာမျက်နှာမှသိရပါတယ်။

SM

No comments:

Powered by Blogger.