ကာမဆေးတွေ အလွန်အကျွံ သုံးစွဲပြီးနောက် ငယ်ပါ,ထောင်မတ်လျှက် သေဆုံးသွားခဲ့သူ
နိုက်ဂျီးရီးယားနိုင်ငံ၊ ဟော်တယ်တစ်ခုမှာ အမြှောင်မယားနဲ့ ကဲဖို့အတွက် အမျိုးသားတစ်ယောက်ဟာ ကာမဆေးတွေ အလွန်အကျွံ သုံးစွဲခဲ့ပြီးနောက် လိင်တံထောင်မက်လျှက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ၎င်းဟာ ကလေးသုံးယောက် ဖခင်၊ အသက် 30 အရွယ် အမျိုးသားဖြစ်ပြီး အမည်ကိုတော့ Samson လို့ ဖော်ပြထားပါတယ်။
Samson ဟာ ဒီမတိုင်ခင်မှာ အရက်တွေလည်း သောက်သုံးထားပြီး၊ အမြှောင်မယားနဲ့ စိတ်တိုင်းကျ ပျော်နိုင်ဖို့အတွက် မလိုအပ်ဘဲ ကာမစိတ်ကြွဆေးတွေ အလွန်အကျွံသုံးစွဲခဲ့တယ်လို့ သိရပါတယ်။ ၎င်းရဲ့ သူငယ်ချင်းကလည်း Samson ဟာ ကျားအားတိုးဆေးတွေ မဆင်မခြင်သုံးစွဲခဲ့လို့ အခုလို ထောင်မက်လျှက်ပဲ သေဆုံးခဲ့ရတာလို့ အတည်ပြုခဲ့ပါတယ်
ဆေးသုံးစွဲမှု အလွန်များသွားခဲ့သလို၊ စိတ်ကိုလိုက်ပြီး ခန္ဓာကိုယ်က မစွမ်းဆောင်နိုင်တော့တာမို့ ယခုလို သေဆုံးခဲ့ရခြင်းလို့ ဒေသခံသတင်းစာတစ်စောင်ကလည်း သုံးသပ်ထားပါတယ်။ Samson ဟာ Delta ပြည်နယ်၊ Uvwie နယ်မြေ၊ Ugboroke မြို့က ဟော်တယ်တစ်ခုမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
၎င်းနဲ့ နီးစပ်တဲ့ သူငယ်ချင်းတစ်ယောက်က ” ဆေးတွေ မလိုအပ်ပဲ သုံးခဲ့တယ် … ဟိုးအရင်ချိန်တုန်းကတည်းက သုံးခဲ့တာပါ … နောက်တော့ ဒီဆေးကပဲ စိတ်မကျေနပ်ခြင်း ဖိအားတွေ အများကြီးပေးခဲ့ပြီး၊ ရှားရှားပါးပါး ဒီပုံစံနဲ့ သေဆုံးခဲ့ရတာ “လို့ မှတ်ချက် ပြုခဲ့ပါတယ်။

၎င်းနဲ့အတူ ဟော်တယ်ခန်းထဲကို ရောက်နေတဲ့ အမြှောင်မယားက Samson သေဆုံးတယ်ဆိုတာ သိသိချင်း ထွက်ပြေးသွားခဲ့ပါတယ်။ နောက်မှ တာဝန်ရှိသူတွေက အလောင်းကို Warri Central Hospital ဆေးရုံကို ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ ရဲစခန်းက အဆိုပါအမျိုးသားသေဆုံးမှုကို မှတ်ချက်မပေးသေးဘဲ အခြား မသင်္ကာဖွယ်ရာတွေ ရှိမရှိကို ဆက်လက်စုံစမ်းနေဆဲလို့ သိရပါတယ်။
လင်းဇော်ကို (Shwemom)
No comments: