ကလစ်တစ်ချက်နှိပ်ပေးခြင်းဖြင့်ကူညီပါ။

(၁၃)နှစ်သမီးအား သားမယားပြုကျင့်၍ သတ်ဖြတ်ထွက်ပြေးနေသူအား ရဲတပ်ဖွဲ့မှ (၂၄)နာရီအတွင်း ဖမ်းဆီး *****************

(၁၃)နှစ်သမီးအား သားမယားပြုကျင့်၍ သတ်ဖြတ်ထွက်ပြေးနေသူအား ရဲတပ်ဖွဲ့မှ (၂၄)နာရီအတွင်း ဖမ်းဆီး
**********************************************

မင်းထက်မုန်း/ဧရာဝတီတိုင်းမ်
ပုသိမ် ဩဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ ကုလားတန်း ကျေးရွာတွင် သြဂုတ်လ (၃)ရက်နေ့ နံနက်ပိုင်းက (၁၃)နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးအား သားမယားပြုကျင့်၍ သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ  ဒေးဒရဲမြို့နယ်၊ ကုလားတန်းကျေးရွာတွင် နေထိုင်သော ဦး ---- ၏ တူမဖြစ်သူ မ------(၁၃) နှစ်သည် ၂. ၈. ၂၀၁၇ ရက်နေ့ ညပိုင်းကပျောက်ဆုံးသွားခဲ့ပြီး ဦးလေးဖြစ်သူမှ သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများထံ တိုင်ကြားခဲ့ပြီး လိုက်လံရှာဖွေခဲ့ရာ ၃.၈.၂၀၁၇ ရက်နေ့ မနက်ပိုင်းတွင် ဦး ---- နေထိုင်သောအိမ်၏အနောက်ဘက် ကိုက်(၁၀၀) အကွာတွင် တူမဖြစ်သူမှာ သားမယားပြုကျင့်ခံရပြီး အပေါ်အင်္ကျီနှင့် အတွင်းခံဘော်လီသာရှိပြီး အောက်လုံချည်မပါဘဲ မှောက်လျက် အနေအထားနှင့် ယာဘက်ဦးခေါင်းအပေါ်ဘက်ဒဏ်ရာ၊ လည်ပင်ညိုမည်းဒဏ်ရာ၊ နှာခေါင်းတို့မှ သွေးထွက်လျက် သေဆုံးနေသည့်ကိုတွေ့ရှိခဲ့သည်။
တူမဖြစ်သူအား သားမယားပြုကျင့်၍ သတ်ဖြတ်သွားသူအား အရေးယူပေးရန် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့မရဲစခန်းမှ အဓမ္မပြုကျင့်၍သတ်ခဲ့သူအား အမှုဖွင့်ပြီး  ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးနိုင်ရန် သတင်းစုံစမ်းမှုများ ပြုလုပ်ခဲ့ရာ တရားခံမှာ သူရိန် ဒေးဒရဲမြို့နယ်နေသူဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ အမှတ်(၂၉) ရပ်ကွက်အတွင်းမှ ၎င်းအသိအိမ်သို့ ထွက်ပြေးတိမ်းရှောင်နေ ကြောင်းသိရပြီး လိုက်လံဖမ်းဆီးခဲ့ရာ ၃.၈.၂၀၁၇ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက်မပြည့်သေးသော အမျိုးသမီးငယ်အား သားမယားပြုကျင့်၍ သတ်ဖြတ်ခဲ့သူ သူရိန်အား ဒေးဒရဲမြို့မရဲစခန်းမှ(ပ)
၁၁၃/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ တို့ဖြင့် အမှုဖွင့်အရေးယူထားပြီး အဓမ္မပြုကျင့်မှုအား ဆရာဝန်၏ ဆေးစစ်ချက်အတည်ပြုမှသာ ပုဒ်မထပ်တိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - မင်းထက်သူ

#Ayeyarwaddy_Time

No comments:

Powered by Blogger.