ကလစ်တစ်ချက်နှိပ်ပေးခြင်းဖြင့်ကူညီပါ။

မော်လမြိုင်တက္ကသိုလ်ကျောင်းသူကို ထန်းရည်တိုက်၍ အဓမ္မပြုကျင့်မှုဖြစ်ပွား

မော်လမြိုင်တက္ကသိုလ်ကျောင်းသူကို ထန်းရည်တိုက်၍ အဓမ္မပြုကျင့်မှုဖြစ်ပွား
-------------------------
မော်လမြိုင်၊ သြဂုတ် ၅

တက္ကသိုလ်ကျောင်းသူ ကောင်မလေးအား ထန်းရည်တိုက်၍ အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်တခု 4.8.2017 ညနေပိုင်းက မော်လမြိုင်မြို့၊ ခြောက်မိုင်ရပ်ကွက်၊ ကျိုက်မရောကားလမ်းဘေးရှိ “ဦးညာ ထန်းရည်ဆိုင်”၌ ဖြစ်ပွားခဲ့သည်။

မော်လမြိုင်- ကျိုက်မရောကားလမ်းဘေး ထန်းပင်တန်းမှမှာ အသက် ၂၀ခန့်အရွယ် အမျိုးသမီးတစ်ဦး သတိလစ် လဲနေကြောင်း တာဝန်သိ ပြည်သူတစ်ဦးမှ ဖုန်းဆက် အကြောင်းကြားချက်အရ မော်လမြိုင်လူမှုကယ်ဆယ်ရေး RESCUE အဖွဲ့မှ ထွက်ခွာပြီး ကောင်မလေးအား ပြုစုမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ ပါသည်။ ကောင်မလေးအား ဘာဖြစ်လဲဟု မေးမြန်းရာ မည်သည့် စကားမှလည်း မေးမြန်းမရပါ။ ပြန်မပြောပါဘူး။

ဆေးရုံကြီးအရောက် စမ်းသပ်စစ်ဆေးချက်များအရ ကောင်မလေးမှာ သားမယားပြုခံထားရတဲ့ လက္ခဏာ တွေ့ရကြောင်း အတည်ပြုဖို့ကျတော့ ဆရာဝန်မှ ပြောလို့ရမယ် ဟု ပြောဆိုသဖြင့် တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်များထံ ဆက်သွယ် အကြောင်းကြား ပေးခဲ့ပါသည်။

ဖြစ်စဉ်မှာ ပေါင်မြို့နယ် ၊ မုတ္တမမြို့ သူဌေးကုန်းရပ်ကွက် နေ အဝေးသင် စတုတ္ထနှစ် (ဓာတုဗေဒ) ကျောင်းသူ မ------ သည် သြဂုတ် ၄ ရက်၌ ကျူရှင်တက်ရန် မော်လမြိုင်မြို့သို့ ထွက်လာစဉ် ရည်စားဖြစ်သူ လဆစ်ဘိုင် (ခ) ဝေယံလင်းနှင့် တွေ့ဆုံခဲ့ကြောင်း၊ ယင်းနောက် ကမ်းနားလမ်း ဘိုဘွားရိပ်သာစားသောက်ဆိုင်တွင် ရည်းစားနှင့် အတူရှိနေစဉ် ၎င်း၏ သူငယ်ချင်းဖြစ်သူ အာလီဆိုသူ ရောက်လာ၍ မော်လမြိုင်မြို့၊ ခြောက်မိုင်ရပ်ကွက်၊ ကျိုက်မရောကားလမ်းဘေးရှိ “ဦးညာ ထန်းရည်ဆိုင်” သို့ ခေါ်ဆောင်သွားခဲ့ကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

လဆစ်ဘိုင်နှင့် အာလီတို့နှစ်ဦးသည်  မ------ကို ထန်းရည်အတင်းတိုက်သဖြင့် သုံးခွက်သောက်ခဲ့ကြောင်း မူးနေချိန်တွင် ရည်းစားသူ လဆစ်ဘိုင်ဆိုသူမှ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့ပြီး မ-----ကို ယင်းထန်းရည်ဆိုင်၌ ထားခဲ့ကြောင်း ရဲစစ်ဆေးချက် မှတ်တမ်းအရ သိရသည်။

အဆိုပါ ပြစ်မှုကျူးလွန်းသူအား သြဂုတ်လ ၅ ရက် နံနက် (၁) ခန့်တွင်  ဖမ်းဆီးနိုင်ခဲ့ကြောင်း အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ကောင်မလေးကို အဓမ္မပြုကျင့်ခဲ့သူ လဆစ်ဘိုင် (ခ) ဝေယံလင်းကို မြိုင်သာယာနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းမှ တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောသည်။

Zin Moe / ခေတ်မင်း

No comments:

Powered by Blogger.