ပျောက်ဆုံးနေသည့် မြိုတိုင်းရင်းသူနှစ်ဦးအနက် တစ်ဦးအလောင်းအား တွေ့ရှိ

မောင်တော၊ သြဂုတ် ၅
မောင်တောမြို့နယ်၊ ကိုင်းကြီး(မြို)ကျေးရွာမှ ပျောက်ဆုံးနေသည့် မြိုတိုင်းရင်းသူနှစ်ဦးအနက် တစ်ဦးအလောင်းအား ယနေ့သြဂုတ်လ ၅ ရက်နေ့၊ နေ့လည် ၂ နာရီ ၃၀ အချိန်က အခင်းဖြစ်ပွားရာနေရာနှင့် ကိုက် ၁၀၀၀ ခန့်အကွာ တောစပ်၌ တွေ့ရှိခဲ့ကြောင်း သိရသည်။
ယခုတွေ့ရှိသည့် ရုပ်အလောင်းမှာ ပျောက်ဆုံးသွားသည့် အမျိုးသမီးနှစ်အနက် မထုဝေ အသက် ၂၁ နှစ် ကိုယ်ဝန် ၄ လ လွယ်ထားရသူဖြစ်ပြီး အခင်းဖြစ်ပွားရာတောစပ်အတွင်း လုံခြုံရေးအဖွဲ့နှင့် ကျေးရွာသားများမှ လိုက်လံရှာဖွေရာ ဘင်္ဂလီအကြမ်းဖက်သမားများ သတ်ဖြတ်ထားသည့် ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား မောင်တောဆေးရုံသို့ ပို့ဆောင်ထားပြီး သြဂုတ်လ ၆ ရက်နေ့တွင် သဂြိုလ် သွားမည်ဖြစ်ကာ ကျန်ရှိနေသည့် အမျိုးသမီးတစ်ဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
DMG
#သတင်းများအမြဲတမ်းဖတ်ချင်ရင်pageကလေးကိုLikeလုပ်ထားနော်

No comments: