ကလစ်တစ်ချက်နှိပ်ပေးခြင်းဖြင့်ကူညီပါ။

လူသားစားရတာ ငြီးငွေ့လို့ဆိုပြီး၊ လက်ပြတ်ခြေဖြတ်တွေနဲ့အတူ ရဲစခန်းမှာ အဖမ်းခံခဲ့တဲ့သူ

လူသားစားရတာ ငြီးငွေ့လို့ဆိုပြီး၊ လက်ပြတ်ခြေဖြတ်တွေနဲ့အတူ ရဲစခန်းမှာ အဖမ်းခံခဲ့တဲ့သူ

တောင်အာဖရိကနိုင်ငံ Estcourt အမည်ရ မြို့ငယ်လေးမှာ အမျိုးသားတစ်ဦးဟာ လူခြေထောက်၊ လက်တွေကို ကိုင်ဆောင်ပြီး ရဲစခန်းအတွင်းသို့ ပြီးခဲ့တဲ့ သောကြာနေ့က တိုက်ရိုက်ဝင်ရောက်လာခဲ့တယ်လို့ Mirrorသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ သူရဲ့ သွေးအလိမ်းလိမ်း ခန္ဓာကိုယ်ကို ကြည့်ပြီး ရဲတပ်ဖွဲ့ဝင်တွေ မှင်သတ်နေချိန်မှာ အဆိုပါ အမျိုးသားက စကားတစ်ခွန်းပြောခဲ့ပါတယ်။

သူက ” ကျနော် လူသားစားရတာ ငြီးငွေ့လွန်းနေပြီဗျာ “လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ကတော့ အဆိုပါ အမျိုးသားရဲ့ အမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘဲ၊ Estcourt မြို့မှာတော့ ရိုးရာဗိန္ဓောဆေးဆရာတစ်ဦးဖြစ်ကြောင်း သိရပါတယ်။ သူဟာ လူသတ်၊ မုဒိန်းမှုများစွာကို ကျူးလွန်ခဲ့ကြောင်း သံသရှိခြင်း ခံနေရပါတယ်။သူဟာ လူတွေရဲ့ လက်ပြတ်ခြေပျက်တွေကို ရဲတပ်ဖွဲ့ဝင်တွေရှေ့ကို ပစ်ချပြခဲ့ပါတယ်။ အခြား အမျိုးသား သုံးယောက်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး၊ အခု လာအဖမ်းခံတဲ့သူက သူနေထိုင်ရာ အိမ်ကို ခေါ်ဆောင်သွားကာ သူစားလက်စ လူသားအရိုးအပိုင်းအစတွေနဲ့အတူ ခန္ဓာကိုယ်အကြွင်းအကျန်တွေကို သက်သေအဖြစ် ပြသခဲ့သေးတယ်လို့ ဆိုပါတယ်။လက်ရှိဆစ်ဆေးမှုအရ အသတ်ခံရသူတွေဟာ တစ်ယောက်တည်းတော့ မဖြစ်နိုင်ကြောင်း၊ အိုးတစ်လုံးထဲမှာ ထည့်ပြုတ်ထားတဲ့ နွားရွက် 8 ခုကို တွေ့ခဲ့ရကြောင်း၊ ထိုနေရာမှာပင် နောက်ထပ် အမျိုးသားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဒီထက်ပိုများတဲ့ အရေအတွက် ရှိနိုင်သေးကြောင်း ရဲတပ်ဖွဲက ဆိုပါတယ်။

လောလောဆယ်တော့ ဖမ်းဆီးထားတဲ့သူတွေနဲ့ နီးစပ်တဲ့ နေရာတွေကို ရှာဖွေမှုတွေ ဆက်တိုက်ပြုလုပ်နေပြီး၊ မတူညီတဲ့ လူတွေရဲ့ အသားစနမူနာပေါင်းများစွာကို တွေ့ခဲ့ရကြောင်း ဆိုပါတယ်။

နတ်စည်တော် (Shwemom)

No comments:

Powered by Blogger.