ကလစ်တစ်ချက်နှိပ်ပေးခြင်းဖြင့်ကူညီပါ။

(၅)လ သားလေးကို အရိုး 28 ချောင်းကျိုးသည်အထိ ရိုက်သတ်ခဲ့သည့် စုံတွဲကို ဖမ်းဆီး

ပြီးခဲ့တဲ့ ဧပြီလ 27 ရက်က အသက် 5 အရွယ် အရွယ်သာ ရှိသေးတဲ့ Eli Cox လို့ အမည်ရတဲ့ ကလေးဟာ ပြင်းထန်လှတဲ့ ဒဏ်ရာတွေ ပရဗွနဲ့ ဆေးရုံမှာပင် သေဆုံးခဲ့ပါတယ်။ Eli ဟာ သေဆုံးမှုမတိုင်ခင် နှစ်ပတ်ခန့်က Lapwing Close, Kent က နေအိမ်မှာ မိခင်နဲ့၊ မိခင်ရဲ့ချစ်သူတို့ရဲ့ နှိက်စက်ခြင်းကို ခံခဲ့ရသူ ဖြစ်ပါတယ်။
Eli ကို ဆေးစစ်ချက် ပြုလုပ်စဉ်မှာတော့ ကလေးရဲ့ အရိုး 28 ချောင်းဟာ ပြင်းထန်တဲ့ရိုက်ချက်တွေကြောင်း ကျိုးနေပြီး၊ သွေးထဲမှာလည်း ကိုကင်းလို့ယူဆရတဲ့ ဓာတ်တွေကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဧပြီး 13 ရက်မှ စပြီး ကလေးဟာ အသက်ရှုရပ်တန့်မှု မကြာခဏခံစားရသလို၊ နှလုံးခုန်လည်း ရပ်ရပ်သွားပါတယ်။
နောက်ပိုင်းမှာ အရွယ်မမျှတဲ့ ဒဏ်ရာတွေကြောင့်ပင် Eli ကို ဆရာဝန်တွေ မကယ်လိုက်နိုင်ခဲ့ပါတယ်။ ဒီအတွက် အဓိကတရားခံအဖြစ် မိခင် Katherine Cox နဲ့ သူမရဲ့ ချစ်သူအသစ်ဖြစ်တဲ့ Danny Shepherd တို့ကို Maidstone Crown Court တရားရုံးမှာ တရားစွဲခဲ့ပါတယ်။
သေမှုသေခင်းအရာရှိ Jennifer Knight ရဲ့ ထွက်ဆိုချက်မှာတော့ ကလေးဟာ ပြင်းထန်စွာ ကိုင်စောင့်ခံထားရပြီး၊ ဦးခေါင်းနဲ့လည်း တစ်ခုခုကို စောင့်ထားပုံရကြောင်း၊ အရိုးတွေကျေမွနေခြင်းဟာ တစ်စုံတစ်ယောက်ရဲ့ ပယောဂတွေကြောင့် ဖြစ်ကြောင်း၊ သွေးထဲမှာလည်း ကိုကင်းတွေ့ရကြောင်း မှတ်ချက်ပေးထားပါတယ်။
ဒီအတွက် Cox (33)နှစ်နဲ့ Shepherd (25)နှစ်တို့မှာ အဓိက အပြစ်ရှိပြီး၊ သူတို့ကတော့ လူသတ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆန်ခဲ့ကြပါတယ်။ ဒါပေမယ့် တရားရုံးက သူတို့နှစ်ဦးကို လူသတ်မှု၊ ကလေးသူငယ်တစ်ဦးဟာ ကိုယ်ပိုင်းဆိုင်ရာ ပြင်းထန်စွာနှိပ်စက်မှု၊ Class B စာရင်းဝင် တာမြစ်ဆေး Amphetamine များ လက်ဝယ်ထားရှိ၊ သုံးစွဲမှုတွေနဲ့ အမှုဖွင့် အရေးယူခဲ့ပါတယ်။
လောလောဆယ်တော့ Cox (33)နှစ်နဲ့ Shepherd (25)နှစ်တို့ကို တရားရုံးက စစ်ဆေးနေဆဲဖြစ်ပြီး၊ မကြာမီမှာ စွပ်စွဲထားတဲ့ ပြစ်မှုတွေသာ ခိုင်လုံပါက နှစ်ဦးစလုံးကို ပြင်းထန်တဲ့ ထောင်ဒဏ်တွေ ချမှတ်နိုင်ဖွယ်ရာ ရှိနေပါတယ်။ တရားခံလို့ စွပ်စွဲခံထားရသူ နှစ်ဦးစလုံးကို Kant Police ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပါတယ်။

No comments:

Powered by Blogger.