ကလစ်တစ်ချက်နှိပ်ပေးခြင်းဖြင့်ကူညီပါ။

ကျောက်ပန်းတောင်မြို့ တွင် ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားစုံတွဲ(၂)ဦး ကုလားဆိုပြီး ဝိုင်းအုံတိုက်ခိုက်ခံရ

ကျောက်ပန်းတောင်မြို့ တွင် ဗြိတိန်နိုင်ငံသား
ကမ္ဘာလှည့်ခရီးသွားစုံတွဲ(၂)ဦး ကုလားဆိုပြီး ဝိုင်းအုံတိုက်ခိုက်ခံရ

၃၁.၇.၂၀၁၇

ဗြိတိန်နိုင်ငံသား ဒေးဗစ်လူးကပ်စ်နှင့်မာရီယာလူးဝစ်တို့
စုံတွဲနှစ်ဦး ကျောက်ပန်းတောင်းမြို့ ကိုဖြတ်သန်းသွားစဉ်
လူလတ်ပိုင်းတစ်ဦးမှ ကုလားဟုလက်ညှိုးထိုးအော်ဟစ်
မှုကြောင့် လူ(၁၅)ယောက်ခန့် ဝိုင်းအုံလာပြီး
ရုတ်တရက်ဝိုင်းဝန်းထိုးနှက်မှုများကြောင့်
ပြင်းထန်သောဒဏ်ရာများအသီးသီးရရှိသွားခဲ့သည်ဟု
ကျောက်ပန်းတောင်းသားများစုံစည်းရာ လူမှုကွန်ယက်
ဂရုတစ်ခုတွင် ပြောဆိုဝေဖန်သူ ထောက်ခံသူများ
ရှိနေကြသည်။

ကျောက်ပန်းတောင်းသားများသည် လွန်လေသည့်နှစ်တွင်
(မ.ဘ.သ)ကို မြို့ အတွင်းမှ မောင်းထုတ်ခြင်း
ဦးဝီရသူကို ဆွမ်းမကပ်ခြင်း ဖြစ်စဉ်များကြောင့်
အမျိုးဘာသာ သာသနာချစ်မြတ်နိုးသူများအကြား
အရှက်ရစရာ မြို့ တစ်မြို့ ဖြစ်ခဲ့ရပြီး
ယခုရက်ပိုင်းတွင် ဗုဒ္ဓဘာသာလင်မယားပိုင်
တိုက်အိမ်ကို ဗလီဟုအထင်မှားဖြိုဖျက်မှုကြောင့်
မြို့ ဂုဏ်သိက္ခာကျဆင်းနေစဉ် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Credit >>> ကျောက်ပန်းတောင်းသားများစုံစည်းရာဂရု
ကိုလူဖွေး

No comments:

Powered by Blogger.